HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထိုင်းနိုင်ငံထဲကို ဝင်လာတဲ့ မြန်မာလူငယ်တွေကို ဖမ်းပြီး စစ်ကောင်စီထံ ပို့မယ်ဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံက ထွက်ပြေးဝင်ရောက်လာတဲ့ လူငယ်တွေကို ဖမ်းဆီးပြီ စစ်ကောင်စီထံ အပ်နှံပြန်ပို့မယ်လို့ ထိုင်းဝန်ကြီး ပြောဆိုတယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 26 Feb 2024 7:38 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ'ထိုင်းဝန်ကြီးနားကားပြီဟေ့။ ထွက်ပြေးလာတဲ့ မြန်မာများကို ဖမ်းဆီးပြီး စကစကို အပ်မယ်။ မြန်မာကို လူငယ်တွေစော်ကားတဲ့ ထိုင်းဝန်ကြီး နားကားပြီ'လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ သိန်းကျော်ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ထိုင်းနိုင်ငံထဲကို ဝင်လာတဲ့ မြန်မာလူငယ်တွေကို ဖမ်းပြီး စစ်ကောင်စီထံ ပို့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

ဒီသတင်းတွေထဲမှာထိုင်းနိုင်ငံထဲကို ဝင်လာတဲ့ မြန်မာလူငယ်တွေကို ဖမ်းပြီး စစ်ကောင်စီထံ ပို့မယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီ ကြေညာခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ထိုင်းနိုင်ငံဘက်ကို မြန်မာနိုင်ငံသား အများအပြား လာရောက်ဖို့ ကြိုးစားနေချိန်မှာ တရားမဝင် ဝင်ရောက်တာမျိုးတွေ မလုပ်ကြဖို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတိပေးပြောဆိုခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

ဒီသတင်းထဲမှာ နယ်စပ်က ဝင်လာသူတွေကို ပစ်မိန့်ပေးထားတယ်၊ မြန်မာလူငယ်တွေ ဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်ပို့မယ်လို့ ထိုင်းအစိုးရ ကြေညာတယ် ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

မြန်မာနိုင်ငံအတွင်းက ရွှေ့ပြောင်းဝင်ရောက်လာသူတွေ များလာတဲ့အတွက် ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေ ပါးသွားမှာကို စိုးရိမ်ကြောင်း၊ သို့သော် ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ တစ်ရာခိုင်နှုန်းအောက်မှာသာ ရှိတဲ့အတွက် ပြည်ပနိုင်ငံတွေက အလုပ်သမား အများအပြား လိုအပ်နေဆဲ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင် အထောက်အထားတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

Tags:

Related Stories