သတင်းအတု

လောက်ကိုင်ကို သုံးလအတွင်း ပြန်သိမ်းမယ်လို့ စစ်ကောင်စီပြောဆိုတယ်ဆိုတဲ့ သတင်းအမှား

လောက်ကိုင်အပါအဝင် ဆုံးရှုံးထားတဲ့ နယ်မြေတွေကို သုံးလအတွင်း ပြန်သိမ်းမယ်လို့ စစ်ကောင်စီ ပြောဆို‌တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 April 2024 6:17 AM IST

လောက်ကိုင်ကို သုံးလအတွင်း ပြန်သိမ်းမယ်လို့ စစ်ကောင်စီပြောဆိုတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Bagan Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် စစ်ဆင်ရေး၊ ၃ လအတွင်း လောက်ကိုင်ကို ပြန်သိမ်းမည်။ အဆင့်မြင့်ဆုံး နည်းပညာတွေနဲ့ လောက်ကိုင်အပါအဝင် ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်သိမ်းမည်ဟုဆို' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

လောက်ကိုင်ကို သုံးလအတွင်း ပြန်သိမ်းမယ်လို့ စစ်ကောင်စီပြောဆိုတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Mizzima News မှာ ဧပြီလ ၂၆ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်ကောင်စီက တန်ပြန်စစ်ဆင်ရေးအတွက် ဒရုန်းတပ်ဖွဲ့ကို အသုံးပြုလာနေ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


သတင်းထဲမှာ စစ်ကောင်စီတပ်ဟာ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့အတွက် ဒရုန်းတပ်ဖွဲ့ကို စတင်အသုံးပြုလာနေကြောင်း၊ ရုရှားဆီကနေ ဒရုန်းနည်းပညာ အကူအညီကိုရယူနေတာဖြစ်ကြောင်း၊ ရုရှားဆီက ဒရုန်းနည်းပညာအကူအညီ တောင်းကာ တရုတ်ဆီက CH-4UAV မောင်းသူမဲ့လေယာဉ် (ဒရုန်း) တွေကိုဝယ်ယူကာ တန်ပြန်ထိုးစစ်ဆင်ဖို့ အရင်ဖွဲ့စည်းထားတဲ့ ဒရုန်းတပ်ဖွဲ့ကို အသုံးပြုလာတာ ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

Mizzima News မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories