ဒီအကြောင်းအရာကို သတင်းအမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။ ဖြန့်ဝေရာမှာ 'NUG ကို လက်နက်ပေးဖို့ ဂျပန်တာဝန်ယူလိုက်ပြီ' လို့ ရေးသားကာ ကြာချိန် ၁၆ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ကာဗာပုံပေါ်မှာ 'NUG ကို လက်နက်ပေးဖို့ ဂျပန်ကာချုပ် ပြောလိုက်ပြီ' ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
'NUG ကို လက်နက်ပေးဖို့ ဂျပန်တာဝန်ယူလိုက်ပြီ' ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ ဆောင်းပါးရှင် ဂန္ဓဝင်မောင်ထူး ရေးသားထားတဲ့ 'မြို့ပေါ်မှာ ဘူဒိုဇာ၊ တောရွာမှာ လောင်တိုက်သွင်းခံရတဲ့ ဘဝများ' ဆိုတဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့ စာတစ်ပုဒ်ကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။
'NUG ကို လက်နက်ပေးဖို့ ဂျပန်တာဝန်ယူလိုက်ပြီ' ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။ဒီ Video ဟာ ကြည့်ရှု့သူ အရေအတွက်များအောင် လိမ်ညာဖြန့်ဝေပြီး Viewers အရေအတွက်ကနေ ဝင်ငွေရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။