ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) က အရပ်သားတွေအတွက် လက်နက်တပ်ဆင်ပေးဘို့ ပထမအသုတ်ဖြစ်တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာပါ။ ဒီလိုဖြန့်ဝေရာမှာ "နီးစပ်ရာ အရပ်သားများအတွက်။ လက်နက်တပ်ဆင်ပေးရန် ပထမအသုတ်..RCSS.SSA။ သျှမ်းသံတော်ဆင့်" ဆိုပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းပုံစံမျိုး ရည်ညွှန်းဖြန့်ဝေနေကြတာပါ။
သတင်းဆန်းစစ်ချက်
ဒီသတင်းနဲ့ ပတ်သက်ပီး Shan News (သျှမ်းသံတော်ဆင့်) သတင်းဌာနကို BOOM က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အဆိုပါသတင်းကို ဖော်ပြခဲ့ခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီဖြန့်ဝေမှုမှာပါဝင်တဲ့ လက်နက်ပုံတွေနဲ့ RCSS/SSA က အရပ်သားတွေအတွက် လက်နက်တပ်ဆင်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်ရတဲ့ တခြားမီဒီယာတွေမှာလည်း ဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။