HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေ လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီယာယီသမ္မတ ဦးမြင့်ဆွေ ဆေးရုံပေါ်မှာ လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 Jan 2024 5:10 PM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်နဲ့ ဦးမြင့်ဆွေတို့ ပါဝင်တဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူ တစ်ဦးရယ် ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၁၃ ရက် အရေးပေါ်သတင်းထူးဗျို့၊ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ လုပ်ကြံခံရပြီဗျို့။ ဆေးရုံပေါ်မှာ ဓါးနဲ့ ရက်ရက်စက်စက် ထိုးသတ်သွားလို့ မအလ ရှင်းမရဖြစ်ကုန်ပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီယာယီသမ္မတ ဦးမြင့်ဆွေ ဆေးရုံပေါ်မှာ လုပ်ကြံခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဦးမြင့်ဆွေဟာ လုပ်ကြံခံရခြင်း သတ်ဖြတ်ခံရခြင်း မရှိပါဘူး။ ၎င်းရဲ့ နေ့စဉ်လုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ သတင်းတွေမှာ ဖော်ပြနေဆဲသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories