HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အောင်လင်းဒွေးက စစ်ခေါင်းဆောင်ကို ထိမ်းသိမ်းလိုက်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမိန့်ကို မနာခံလိုတဲ့အတွက် ထိန်းသိမ်းလိုက်တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 17 Aug 2024 1:30 PM GMT

ဒီအကြောင်းအရာကို ဝီလပ်ဇင်ယော် ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၁၃ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာတင် ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ပိုစ့် ၂ ခု တင်ပြီး ဖြန့်ဝေခဲ့တာဖြစ်ပြီး ပထမပိုစ့်မှာ ‘န-စ-က အတွ-င်း-ရေး-မှူး အော-င်-လ-င်း-ဒွေး (D-S-A 27) မှ န-ယ်-ဘ-က်ဆို-င်ရာကိစ္စ အ၀၀အား ယုံကြ-ည်စွာ လွှဲ-အ-ပ်ထားသူ မ-အ-လအား ထိ-န်း-သိ-မ်း လို-က်ပြီဖြစ်ပါသည်။ဆက်ရန် ဇင် ယော် ၂၀၂၄ သြဂုတ် ၁၃ ၂၁၀၀’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေထားမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

နောက်ထပ် တစ်နာရီခန့်အကြာမှာ ဒုတိယပိုစ့်တစ်ခု ထပ်မံဖြန့်ဝေခဲ့ရာမှာတော့ ‘အော-င်-လ-င်း-ဒွေး(D-S-A 27) မှ မ-အ-လအား ထိ-န်း-သိ-မ်း။ မ-အ-လ ရဲ့ ရူး-ကြော-င်-ကြော-င် အ-မိန့်တွေကို မနာ ခံလိုတဲ့အတွက် ဖြစ်ပါတယ်ပေါ့။ကိုညိုစော D-S-A 2-3 ရဲ့ အမိ-န့်-အရ အော-င်-လ-င်းဒွေးက လိုက်ပါဖော်ဆောင်ရတာဖြစ်ပါတယ်။ အခုရက်ပိုင်း မြင်းခြံ ၊တောင်သာ၊ ဝဲလောင် သား နာ မည်ကျော် အော-င်-သော-င်းရဲ့သား ကိုမိုး-အော-င် D-S-A 2-8 ရဲ့ စနက်ဖြစ်ပါတယ်။ကိုမိုး-အော-င်လေးဟာ ရေ-ချု-ပ်က နားရလို့ စိတ်နာနေတာဖြစ်ပါတယ်။ မိုး-အော-င်-လေး တစ်ပါတ်စဉ်တည်း ကြံ့-ဖွ-တ်ဒု-ဥက္က-ဠ-ဟောင်း မျိုး-ဇော်-သိ-မ်းလည်း ပါလာပါပြီ။ ဇင် ယော်။ ၂၀၂၄ သြဂုတ် ၁၃ ၂၁၃၀’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေထားမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

နစက အတွင်းရေးမှူး အောင်လင်းဒွေးက စစ်ခေါင်းဆောင် ထိမ်းသိမ်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒီ ပျံ့နှံ့နေတဲ့ အကြောင်းအရာဟာ ကောလဟာလတွေသာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၁၄ ရက်က ထုတ်ပြန်တယ်ဆိုပြီး စစ်တပ်လက်အောက်ခံ မီဒီယာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြန်လည်ဖြေရှင်းနေတာရှိပါတယ်။


ပြန်လည်ဖြေရှင်းနေမှု တစ်ခုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပြီး ခရီးစဉ်အတွင်းမှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။

Related Stories