HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော်ကို တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေ ရုံးစိုက်ရာဖြစ်တဲ့ နေပြည်တော်ကို တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 Oct 2023 4:46 PM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ အဆောက်အဦးတွေ မီးလောင်နေတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၉ ရက်နေ့ သီတင်းကျွတ်ပွဲ အထူးသတင်းကောင်း၊ နေပြည်တော်မြို့ ဒီည သိမ်းပိုက်ပြီဟေ့၊ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားလိုက်ပြီ။ မအလ၊ စိုးဝင်း ညတွင်းချင်း ထွက်ပြေးကြပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၄၅၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီတပ်တွေ ရုံးစိုက်ရာဖြစ်တဲ့ နေပြည်တော်ကို တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေက စစ်ဆင်ရေး ၁၀၂၇ ဆိုပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်တိုက်ခိုက်ကာ ရှမ်းပြည်မြောက်ပိုင်းက တပ်စခန်းအများစုကို သိမ်းပိုက်ထားနိုင်သော်လည်း နေပြည်တော်ကို သိမ်းပိုက်နိုင်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့ သတင်းတွေနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories