HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီဗိုလ်ချုပ် အောင်လင်းဒွေး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်က ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ အောင်လင်းဒွေး အသတ်ခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 21 Aug 2023 5:59 PM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၁၈ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီဗိုလ်ချုပ် အောင်လင်းဒွေးရဲ့ ဓါတ်ပုံရယ် လူနာတင်ကားတစ်စီးပေါ် လူနာတင်နေတဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၁၈ ရက်နေ့ အရေးကြီးသတင်း ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နေအိမ်အထိ ဝင်ပစ်သတ်ခံရ(ရုပ်/သံ)၊ အလောင်းထုတ်နေကြပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ YouTube Video ရဲ့ link ကို ဖေ့စ်ဘွတ်အကောင့်တစ်ချို့က ထပ်ဆင့်ဖြန့်ဝေထားပြီး ဒီ Video ကို ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၆၈၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီဗိုလ်ချုပ် အောင်လင်းဒွေး နေထိထဲအထိ ဝင်ရောက် ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီဗိုလ်ချုပ် အောင်လင်းဒွေးဟာ ပစ်သတ်ခံရခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ စစ်ကောင်စီ လက်အောက်မှာ ၎င်းရဲ့ ရာထူးတာဝန်တွေ ဆက်လက်လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ရဲ့ အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ တစ်ခြား စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories