HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မွန်ပြည်နယ်မှာ KNU နဲ့ PDF တွေက တစ်အိမ်ထောင် ၃ သောင်းပေးပြီး လူသစ်စုဆောင်းနေတယ် ဆိုတဲ့ သတင်းအတု

မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက တစ်အိမ်ထောင် ငွေကျပ် ၃ သောင်းပေးပြီး လူသစ်စုဆောင်းနေတယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 26 April 2022 5:03 PM IST

အဆိုပါ သတင်းအမှားကို ခင်ကြည်သာ ကြည်သာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၁၉ ရက်နေ့မှာ တင်ထားတာ ဖြစ်ပြီး သတင်းအမှားထဲမှာ "မွန်ပြည်နယ်ကျိုက်ထိုမြို့နယ် PDF ခေါင်းဆောင်အေးမင်းထွန်း အင်အား ၈၅ယောက် နှင့် KNUသောင်းကျန်သူအင်အား ၁၂၀ တို့ပူးပေါင်းကာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ဇီးပြောင်းရွာ ၁ ၊ ဇီးပြောင်း ၂၊ ဇီးပြောင်း ၃ ၊ ဇီးပြောင်း၎ ၊ ဇီးပြောင်း၅ ၊ ဇီးပြောင်း၆ ရွာ ၊ နတ်စင်ရွာ ၊ ဇီးဖြူတောင်ရွာ များမှ ပြည်သူများကိုတစ်အိမ်ထောင်လျင်ကျပ် ၃၀၀၀၀ နှုန်းထောက်ပံ့ကြေး အဖြစ်ပေးကာ လူငယ်များကိုစည်းရုံးနေကြောင်းသိရပြီး ထိုမှတဆင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မဲရုံးကြီးရွာ မဲရုံးလေးရွာ ၊ ဆောင်နိုင်ကြီးရွာ ၊ ဆောင်လိုင်ခွရွာနှင့် လှည်းလမ်းကူးရွာအထိထပ်မံ ထောက်ပံ့ပေးပြီး စည်းရုံးရေး ၊လူသစ်စုစောင်းရေး လုပ်ကာ တပ်မတော်ထောက်ခံသူများ၊ သတင်းပေးများကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်ပြီး တပ်မတော်လခရများ စစ်ကြောင်းများကိုတိုက်ခိုက်ချေမှုန်းသွားမယ်လို့ သတင်းပေးလာ" (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ များစွာရှိပြီး ထပ်ဆင့်ဝေမျှထားသူ၊ ပြန်လည်ကူးယူဖော်ပြသူတွေ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

မွန်ပြည်နယ်အတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ KNU က ကျေးရွာတွေမှာ တစ်အိမ်ထောင် ၃ သောင်းပေးပြီး လူသစ်စုဆောင်းနေတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ CDM ကျောင်းဆရာမ တစ်ဦး၊ NGO တစ်ခုမှာ လုပ်နေတဲ့ Volunteer တစ်ဦးနဲ့ PDF တွေနဲ့ အဆက်အသွယ်ရှိတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တစ်ဦးကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ ငွေပေးပြီး လူသစ်စုဆောင်းတဲ့ ဖြစ်စဉ် လုံးဝ မရှိဘူးလို့ ဆိုပါတယ်။

CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမတစ်ဦးက "မွန်ပြည်နယ်မှာ ဒီလို ငွေပေးပြီး လူသစ်စုတာတော့ မကြားဖူးဘူး။ မွန်မှာက အဖွဲ့တွေ ကွဲနေတော့ ဒီလို ပေါ်တင်လုပ်လို့လည်း မရဘူးလေ။ ပြီးတော့ PDF တွေမှာ အဲ့လိုပေးဖို့ ဘတ်ဂျတ်လည်း မရှိနိုင်ပါဘူး" လို့ မှတ်ချက်ပေးပါတယ်။

GNO တစ်ခုမှာ လုပ်နေတဲ့ Volunteer တစ်ဦးက "Covid ကာလတို့ ဘာတို့မှာတော့ အလှူရှင်တွေ ဆန်တွေ ၊ ဆီတွေ၊ ရိက္ခာတွေ လှူတာတော့ ရှိတယ်။ ဒီလိုမျိုး PDF တွေက ပိုက်ဆံပေးတာမျိုးတော့ မကြားဖူးဘူး။ မဖြစ်နိုင်ပါဘူး" လို့ ဆိုပါတယ်။

သမဂ္ဂကျောင်းသားတစ်ဦးက "PDF ထဲဝင်ဖို့ အဲ့လို သွားခေါ်ရင် ဒလံတွေပါလာမှာပေါ့။ ခုလုပ်နေတဲ့ သူတွေ အားလုံးက စိတ်ဓါတ်နဲ့ လုပ်နေကြတဲ့ သူတွေကြီးပဲ။ အဲ့လို ပေးဖို့ ပိုက်ဆံရှိခဲ့ရင် လက်နက်တွေပဲ ဝယ်မှာပေါ့။ ခုက သိတဲ့အတိုင်းပဲ ရိက္ခာနဲ့ လက်နက်ဖိုးက အခက်အခဲ ဒီလောက်ဖြစ်နေတာ" လို့ ပြောပါတယ်။

အခု သတင်းအမှားဖြန့်တဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး PDF တွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက် ဖြန့်နေတာကို တွေ့ရပါတယ်။

Tags:

Related Stories