HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဓါတ်ပုံဟောင်းတွေအသုံးပြုပြီး KNDF နဲ့ PDF တွေက ညောင်ရွှေမြို့ကို မီးရှို့ဖျက်ဆီး နေတယ်ဆိုတဲ့ သတင်းအတု

KNDF နဲ့ PDF တွေ ပူးပေါင်းပြီး ညောင်ရွှေမြို့က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 21 July 2024 7:36 PM IST

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် ဖြန့်ထားတာဖြစ်ပြီး ဘုရားတွေ၊ နေအိမ်တွေ မီးလောင်နေတဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ၎င်းဓါတ်ပုံတွေနဲ့အတူ “တည်ငြိမ်အေးချမ်းသော ဒေသများသည် စကစထောက်ခံအုပ်စုများရှိရာအရပ်ဖြစ်သည်ဟု စွပ်စွဲ၍ ဗိုလ်ပြုတ် နေမျိုးဇင်နှင့် KNDF/IPDF/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က ဇူလိုင်လ ၁၉ ရက်နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် စံကားနှင့် ဆည်ခေါင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်..” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေကပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

KNDF နဲ့ PDF တွေ ပူးပေါင်းပြီး ညောင်ရွှေမြို့က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သတင်းအမှားဖြန့်သူတွေက ဇူလိုင်လ ၁၉ ရက်နေ့မှာ မီးရှို့ခံရတယ်လို့ ဖော်ပြထားတဲ့ ဓါတ်ပုံတွေဟာ ဓါတ်ပုံအဟောင်းတွေသာ ဖြစ်ပါတယ်။ နေအိမ်မီးလောင်နေတဲ့ဓါတ်ပုံဟာ ဖေဖော်ဝါရီလက ရှမ်းပြည်နယ်တောင်ပိုင်းမှာ PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်တပ်က ထိုးစစ်ဆင်နေစဉ်က ဓါတ်ပုံတွေသာဖြစ်ပါတယ်။ BBC သတင်းဌာနက ဖော်ပြထားတဲ့ အဆိုပါ ဓါတ်ပုံတွေပါဝင်တဲ့ သတင်းကို ဒီနေရာမှာဖတ်ပါ။

ဘုရားနောက်ခံနဲ့ မီးတွေ လောင်နေတဲ့ ဓါတ်ပုံဟာလည်း ဇန်နဝါရီလ ၂၁ ရက်နေ့က ဟိုပုန်း မဲနယ်တောင်မှာ တိုက်ပွဲဖြစ်ပြီး နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်က ပုံတွေ ဖြစ်ပါတယ်။ တာချီလိပ် Nes က ဖော်ပြထားတဲ့ အဆိုပါ ဓါတ်ပုံတွေပါဝင်တဲ့ သတင်းကို ဒီနေရာမှာဖတ်ပါ။

သတင်းအမှားဖြန့်သူတွေဟာ မတူညီတဲ့နေရာက ဓါတ်ပုံတွေကို အသုံးပြုပြီး ဇူလိုင်လ ၁၉ ရက်နေ့က ညောင်ရွှေမြို့က နေအိမ်တွေလို့ ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Tags:

Related Stories