HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရန်ကုန်မှာ ညပိုင်းတွေ့သမျှအကုန် ပစ်သတ်ဖို့ အမိန့်ပေးတယ်ဆိုတဲ့ သတင်းအတု

ရန်ကုန်မှာ ညပိုင်း တွေ့သမျှအကုန် ပစ်သတ်ဖို့ အမိန့်ပေထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 31 Aug 2024 10:09 AM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၃၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ MRTV သတင်းကြေညာနေတဲ့ ဓါတ်ပုံရယ်၊ ခေတ်သစ် သတင်းဌာနက သတင်းကြေညာနေတဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန် သွေးချောင်းစီးပြီ။ ရန်ကုန်တိုင်း ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီး ညဖက်တွေ့သမျှလူကို ပစ်သတ်ဖို့ အမိန့်ပေး“(မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရန်ကုန်မှာ ညပိုင်း တွေ့သမျှအကုန် ပစ်သတ်ဖို့ အမိန့်ပေးနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းစဉ်ကတည်းက ညမထွက်ရအမိန့်ကို အချိန်အမျိုးမျိုးပြောင်းလဲကာ ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။ ဒီရက်ပိုင်းထဲ ည ၁ နာရီမှ ၃ နာရီအထိလို့ ထပ်မံပြောင်းလဲ ခဲ့ပါသေးတယ်။ ဒီလိုပြောင်းလဲ သတ်မှတ်ခဲ့တာ ရှိပေမယ့် သတင်းအမှားထဲမှာ ဖော်ပြထားသလို ညဘက်အပြင်ထွက်သူမှန်သမျှ ပစ်သတ်ဖို့ ပြောထားခြင်းတော့ မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories