HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

AA က ကလေးငယ်တွေကို စစ်ပွဲမှာ အသုံးချဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းအတု

အာရက္ခတပ်တော် AA က စစ်ပွဲမှာ ကလေးတွေကို အသုံးချဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 25 Jun 2024 3:21 PM GMT

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်တွေပေါ်ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားထဲမှာ AA ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ သေဆုံးမှုမြင့်တက်နေတဲ့အတွက် လူအင်အားအလွန်နည်းပါးလာပြီး “အသက် (၁၂) နှစ်အရွယ် ကလေးများနှင့် အသက်ကြီးသူ အချို့အား စစ်ပွဲတွင် အသုံးချရန် AA စီစဉ်နေ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

အာရက္ခတပ်တော် AA က စစ်ပွဲမှာ ကလေးတွေကို အသုံးချဖို့ စီစဉ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည် တစ်ကြောမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေ အထိနာနေပါတယ်။ စစ်ကောင်စီရဲ့ တပ်စခန်းများမြို့အပြင့် မြို့အတော်များများကိုလည်း AA က ထိန်းချုပ်ထားပါတယ်။

သတင်းအမှားထဲမှာ ဖော်ပြထားသလို အာရက္ခတပ်တော် AA က အထိနာနေခြင်းလည်း မရှိသလို ကလေးငယ်တွေကို AA ထံမှာ စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေ အသက်ကြီးပိုင်းတွေကို အသုံးချမှုတွေ မရှိပါဘူး။ စစ်ကောင်စီတပ်တွေသာ အထိနာနေပြီး ၎င်းတို့ ထောက်ခံသူတွေကြား သတင်းဖုံးလွှမ်းသွားအောင် ဝါဒဖြန့် သတင်းအမှားဖြန့်နေခြင်း သက်သက်သာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories