HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ခြံအမှတ် ၅၄ မှာ ရွှေ တစ်တန်ခွဲ ရှာဖွေတွေ့ရှိတယ် ဆိုတဲ့ သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဖြစ်တဲ့ ခြံအမှတ် ၅၄ မှာ ရွှေ တစ်တန်ခွဲ နဲ့ ပိုက်ဆံတွေ ရှာဖွေသိမ်းဆည်းမိတယ်ဆိုတဲ့ သတင်းအတုတွေလူမှုးကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 17 Oct 2021 10:11 PM IST

အဆိုပါ သတင်းအမှားကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ၎င်း သတင်းအမှားကို ဖြန့်ဝေရာမှာ "ခြံအမှတ်(၅၄)က ပေါ်လာတဲ့ ရွှေတောင် ငွေတောင် ရွှေကတစ်တန်ခွဲရှိတယ်သိလား ငွေကစစ်နေတာမပြီးသေးဘူး ဒေါ်ရွှေမိ နောက်ဆက်တွဲ လေးပါ ခိုးဖို့မေ့နေလို့ပါ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ရေးသားထားပါတယ်။ အဲ့ဒီ သတင်းအမှားနဲ့အတူ ဓါတ်ပုံ ၃ ပုံ တင်ထားပါတယ်။ ပထမ ဓါတ်ပုံမှာ ရွှေပိဿတုံးတွေ တန်းစီချထားတဲ့ပုံဖြစ်ပြီး ကျန်ဓါတ်ပုံ ၂ ပုံမှာ အခန်းတစ်ခန်းအတွင်း အမေရိကန်ဒေါ်လာတွေ နဲ့ ငွေစက္ကူအစည်းလိုက် ချထားတဲ့ပုံ ဖြစ်ပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲ ဖြန့်ဝေထားကြပြီး တခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြမှုတွေ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ရက်ပေါ် ဖြန့်ဝေထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့က နေအိမ်ဖြစ်တဲ့ ခြံအမှတ် ၅၄ မှာ ရွှေ တစ်တန်ခွဲနဲ့ ဒေါ်လာတွေ၊ ပိုက်ဆံတွေ ရှာဖွေသိမ်းဆည်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

ဒီသတင်းအမှားထဲမှာ သုံးထားတဲ့ ဓါတ်ပုံတွေထဲမှာ ရွှေတုံးတွေ ချထားတဲ့ ဓါတ်ပုံဟာ တောင်အာဖရိက နိုင်ငံကရွှေတောင့်တွေ ပြုလုပ်ထားတဲ့ပုံ ပုံကိုအသုံးပြုပြီး သတင်းအမှားဖြန့်ဝေထားတာဖြစ်ပါတယ်။


ဒီသတင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းက ရွှေတွေပေးခဲ့တယ်ဆိုတဲ့ စွပ်ဆွဲချက်အပေါ်အခြေခံပြီး ရေးသားထားတဲ့ ဝါဒဖြန့် သတင်းတုတစ်ပုဒ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အတွင်းမှာ ရွှေတွေရှာဖွေတွေ့ရှိတယ်ဆိုတဲ့သတင်းမျိုးကို စစ်ကောင်စီကိုယ်တိုင်က ကြေငြာထားတာမရှိသလို အဲ့ဒီသက်သေတွေနဲ့ပတ်သက်တဲ့အထောက်အထားတစ်စုံတရာကိုလည်းထုတ်ပြပြောကြားထားခြင်းမရှိသေးပါဘူး။

အောက်တိုဘာလ ၁၄ ရက်နေ့က Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းတွေ ပေါက်ကြားခဲ့တဲ့အကြောင်း ဖော်ပြထားပြီး ၎င်းပေါက်ကြားခဲ့တဲ့ ဝါဒဖြန့်သတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အတွင်း ရွှေချောင်း ၁ တန်ခွဲ သိမ်းဆည်းရမိတယ် ဆိုတဲ့ အကြောင်းအရာလည်း ပါဝင်ပါတယ်။

Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။

စစ်ကောင်စီ၏ နေ့စဉ်သတင်းအမှားဖြန့် လုပ်ငန်းစဉ်ပေါက်ကြား


 


Tags:

Related Stories