HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီထံ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးငယ် ၂ ဦးကို လိင်လုပ်သားအဖြစ် သတင်းအမှားဖြန့်

စစ်ကောင်စီတပ်တွေထံ ဖမ်းဆီးခံလိုက်ရတဲ့ ရေဘဝဲ အဖွဲ့က အမျိုးသမီးငယ် ၂ ဦးကို လိင်လုပ်သားအဖြစ် ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 15 May 2024 2:49 PM GMT

အဆိုပါ သတင်းအမှားကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ထားတာဖြစ်ပြီး စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်နေတဲ့ ရေဘဝဲ အဖွဲ့က အမျိုးသမီးငယ် ၂ ဦးရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ၎င်းဓါတ်ပုံတွေနဲ့အတူ "ရန်ကုန်မှာ ပြန်ဆုံမယ်" ဆိုတဲ့ စာတန်းပါ အင်္ကျီကို၀တ်ဆင်ကာ လူစီကားရာနေရာများတွင် လိင်လုပ်သားအဖြစ် လုပ်ကိုင်ပြီး အကြမ်းဖက်ဆောင်ရွက်နေတဲ့ အပျော်မယ် ၂ ဦးကို အမည်မသိအဖွဲ့အစည်းမှ ဖမ်းဆီးသွားကြောင်းသိရ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီတပ်တွေထံ ဖမ်းဆီးခံလိုက်ရတဲ့ ရေဘဝဲ အဖွဲ့က အမျိုးသမီးငယ် ၂ ဦးကို လိင်လုပ်သားအဖြစ် ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

မေလ ၉ ရက်နေ့ ညပိုင်းမှာ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက အမျိုးသမီးငယ်နှစ်ဦးဖြစ်တဲ့ ရေဘဝဲ စီမံရေးရာတာဝန်ခံနဲ့ ရေဘဝဲ မြေပြင်သပိတ်ရဲဘော် တို့ကို စစ်ကောင်စီတပ်တွေက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ လက်ရှိအချိန်ထိ အဆိုပါ အမျိုးသမီးငယ် ၂ ဦးကို မည်သည့်နေရာမှာ ဖမ်းချုပ်ထားကြောင်း မသိရသေးကြောင်း အုပ်ထိန်းသူ မိဘများ စိတ်ပူနေကြကြောင်း ရေဘဝဲ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

၎င်း အမျိုးသမီးငယ် ၂ ဦး ဖမ်းဆီးခံရသည့်အပေါ် ရေဘဝဲအဖွဲ့က ဖမ်းခံရသူ ၂ ဦးရဲ့ ဓါတ်ပုံတွေနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီ ထောက်ခံသူတွေက ဒီဖြစ်စဉ်က ဓါတ်ပုံတွေကို ယူကာ လိင်လုပ်သား အမျိုးသမီးငယ်တွေလို့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ကာ သတင်းအမှားဖြန့်ထားခြင်း ဖြစ်ပါတယ်။

ရေဘဝဲ အဖွဲ့က ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories