HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ရင် ပစ်မိန့် ဆိုတဲ့ သတင်းအတု

ည ဆယ်နာရီနောက်ပိုင်း အပြင်ထွက်ရင် ပစ်မိန့် ကြေညာထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 May 2024 1:52 PM GMT

အဆိုပါ သတင်းအတုကို Tin Tin Win ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မေလ ၂၁ ရက်နေ့မှာ လူများတဲ့ ဖေ့စ်ဘွတ် Group တွေထဲမှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားထဲမှာ “ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ရင် ပစ်မိန့်တဲ့နော်” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ ပိုစ့်ရဲ့ Comment မှာတော့ ၎င်း သတင်းကို ဝင်ကြည့်ဖို့ “အမှားခြစ်လေးတွေကို နှိပ်ဖျောက်ပြီး ကြည့်ပါ” လို့ ရေးသားကာ Website link တစ်ခုကို ချထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ မှတ်ချက်ဝင်ရောက် ရေးသားထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ည ဆယ်နာရီ နောက်ပိုင်း ပစ်မိန့်ပေးထားတယ်ဆိုတဲ့ အကြောင်းအရာကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ၎င်းရဲ့ website link ကို ဝင်ရောက်ကြည့်ရှုသူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးထဲက ညမထွက်ရ အမိန့်ချမှတ်ကာ အစောပိုင်းရက်တွေမှာ ညဘက်လမ်းပေါ် သွားလာသူတွေကို ပစ်ခတ်ခဲ့တာတွေ ရှိပါတယ်။ နောက်ပိုင်းမှာတော့ ညမထွက်ရ အမိန့်ကို ည ၁၂ နာရီမှ ၄ နာရီအထိ ချမှတ်ထားကာ ဘားသွား၊ ကလပ်သွားတဲ့သူ တစ်ချို့မှာတော့ မာရှယ်လော ကျော်ချိန်ထိ လမ်းပေါ် နေလို့ရတဲ့ ကဒ်ပြားတွေ ထုတ်ပေးထားတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိပါတယ်။

ရန်ကုန်လို မြို့ကြီးတွေမှာတော့ လက်ရှိအချိန်ထိ ညမထွက်ရ အမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီထိ သတ်မှတ်ထားပြီး ညအချိန်မတော် လမ်းပေါ်တွေ့ခဲ့ရင် ပိုက်ဆံတောင်းခံတာ၊ ငွေညှစ်တဲ့အခြေအနေတွေရှိနေပါတယ်။ သတင်းအမှားဖြန့်ထားသူဟာ ပြည့်စုံမှုမရှိတဲ့ အချက်အလက်ကိုသာ ဖော်ပြထားကာ မည်သည့်မြို့မှာလို့ ထည့်သွင်းရေးသားထားခြင်းမရှိသလို စစ်တပ်ဘက်ကလည်း ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ရင် ပစ်မိန့်ဆိုတာမျိုး ထုတ်ပြန်ထားခြင်း မရှိပါဘူး။

သတင်းအမှားဖြန့်သူက ၎င်းရဲ့ Website link ကို ဝင်ရောက်ကြည့်ရှုသူများအောင် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ link ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories